


ဒုတိယအကြိမ် မြောက် လူ့အခွင့်အရေး ရုပ်ရှင်ဇာတ်လမ်းတို ဆုချီးမြှင့်ပွဲ အခမ်းအနား
Date : 10-Dec-2020 21:18 pm
Location : Yangon, Myanmar
မဟာမိတ်မြန်မာ အဖွဲ့ သည် လူ့အခွင့်အရေး ကော်မရှင်နှင့် ပူးပေါင်းကာ လူ့အခွင့်အရေး ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲအား ဒုတိယအကြိမ် ကျင်းပ ပြီးစီးခဲ့ပြီး ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့ (၇၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရုံး၌ ပြိုင်ပွဲဝင် အနုပညာထူးချွန်သူများအား ဆုချီးမြင့်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနား အား အစိုးရ ဌါန အသီးသီး၊ ကုလသမ္မဂ္ဂ ဌါနများ၊ နှင့် အရပ်ဖက် အဖွဲ့များမှ Zoom မှ တဆင့် တက်ရောက်ခဲ့ကြသည်။ မဟာမိတ် မြန်မာအဖွဲ့၏ ရုပ်ရှင်ဇာတ်လမ်းတို ဆုချီးမြှင့်ခြင်းအား ဒေါက်တာသန်းမြင့် (လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်) မှ အမှတ်တရ စကားပြောကြားခြင်း၊ ဒေါက်တာစိုးနိုင် (မဟာမိတ် မြန်မာ− အမှုဆောင်ဒါရိုက်တာ) မှ ရုပ်ရှင်ပြိုင်ပွဲ ကျင်းပရခြင်း အကြောင်း ရှင်းပြခြင်း၊ နှင့် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက် (ဒိုင်အဖွဲ့ဝင် ခေါင်းဆောင်) မှ အမှတ်ပေးစည်းမျဥ်းများ ကို ရှင်းပြခဲ့သည်။ ယင်းနောက် ဆုရသူများအား အခြား ဒိုင်အဖွဲ့ဝင်များ ဖြစ်သော ဦးရောဘတ်ဝင်းထိန်၊ Mr. Park Bo Yaung နှင့် အတူ ကော်မရှင် ဥက္ကဌ ဦးလှမြင့်မှလည်း ဆုချီးမြှင့်ပေးခဲ့ကြသည်။
ယခုနှစ် ၂၀၂၀ သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ကြောင့် ရုပ်ရှင်ရိုက်ကူးရာတွင် အခက်အခဲများစွာ ရှိခဲ့သော်လည်း၊ ပြိုင်ပွဲဝင်များမှ ကြိုးစား ယှဥ်ပြိုင်ခဲ့ကြသည် ကို တွေ့ရသည်။ ယခင်နှစ် ၂၀၁၉ ခုနှစ်ထက် တိုးတက်မှုများ တွေ့ရပြီး ပြဿနာများ အား ပုံဖော်ရာတွင် အဖြေတစ်ခု ရသည်အထိ ပြည်သူကို ပြသသွားခဲ့ကြသည် ကို တွေ့ရသည်။
ဆရာကြီး ဒေါက်တာ သန်းမြင့် (လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်) မှ အမှတ်တရ အနေဖြင့် “မဟာမိတ် မြန်မာ အနေနဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေး အသိအမြင် လှုပ်ရှားမှုတွေ အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီ လုပ်ဆောင်ပေးနေတဲ့ အတွက် အသိအမှတ် ပြုပါတယ်။” ဟု ပြောကြားခဲ့သည်။
အခမ်းအနား တင်ဆက်သူ အနေဖြင့် မဟာမိတ်မြန်မာ မှ ဝန်ထမ်းများ ဖြစ်သော မမာဂရက်မေရီ (Program Officer – PITCH) နှင့် မမြတ်အိအိဖြိုး (Program Assistant-PITCH) တို့မှ တင်ဆက်ခဲ့သည်။ အခမ်းအနား အပြည့်အစုံအား လူ့အခွင့်အရေး ကော်မရှင်၏ Facebook Page တွင် ကြည့်ရှုနိုင်သည်။
ဆုရရှိသူများမှာ အောက်ပါ အတိုင်း ဖြစ်သည်။
- ပထမဆု − Being A Gift (ဒါရိုက်တာ ရန်မျိုးအောင်)
- ဒုတိယဆု - မထူး (ဒါရိုက်တာ ချစ်ဦးဆွေ)
- တတိယဆု − My Mom is Teddy (ဒါရိုက်တာ မင်းစု)
- နှစ်သိမ့်ဆု − Prisoner (ဒါရိုက်တာ လုံးလုံး)
- အထူးဆု − Animation – I’m (ဒါရိုက်တာ မင်းစု)
- သရုပ်ဆောင် (အမျိုးသား) - ရန်နိုင်ဖြိုး −Being a Gift
- သရုပ်ဆောင် (အမျိုးသမီး) − သော်တာရှင်းသန့် − ပန်းရိုင်းထက်မှ ပျားရည်စက်
- ဇာတ်ပို့ဆု − ခန့်သွင်အောင် − အချစ်သည် အပြစ်ရှိသည်။
- Director of Photography – Untold World (ဒါရိုက်တာ မင်းခန့်)

Similar Posts

Don't leave us behind
PhotoVoice Project 2018

Parliamentarian Engagement သင်တန်းပေးခြင်း
Parliamentarian Engagement သင်တန်းအား ဦးထင်ကျော်အေး (အမှုဆောင် ဒါရိုက်တာ − အာနန္ဒာဒေတာ) မှ နှစ်ရက်ကြာ ပေးအပ်ခဲ့ပြီး၊ ပစ်ချ် မိတ်ဖက်အဖွဲ့များမှ တက်ရောက်သူ ၄၀ ဦးခန့် ရှိခဲ့သည်။

SDP Campaign is waging on Social Media
PITCH Program annually supported to celebrate the Support Don't Punish Campaign. Alliance Myanmar created the videos with the celebrities for 2019.
