


မဟာမိတ်မြန်မာ (Alliance Myanmar) သည် MSF (ဆွစ်ဇာလန်) နှင့် Phoenix Association (ရန်ကုန်) တို့နှင့် ပူးပေါင်းလက်တွဲကာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆေးခန်းဖွင့်လှစ်ထားရှိခြင်း
Date : 22-Mar-2023 14:12 pm
Location : Yangon, Myanmar
လက်ရှိတွင် မဟာမိတ်မြန်မာ (Alliance Myanmar) သည် MSF (ဆွစ်ဇာလန်) နှင့် Phoenix Association (ရန်ကုန်) တို့နှင့် ပူးပေါင်းလက်တွဲကာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် လူထုအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု (Primary Health Care) ဝန်ဆောင်မှုပေးနေသော အခမဲ့ဆေးခန်းတစ်ခုကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
မဟာမိတ်ဆေးခန်းတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွားပြီးနောက်ကျန်းမာရေးစောင့်ရှောက်မှု၊ မကူးစက်တတ်သောရောဂါများ (ဥပမာ-သွေးတိုး, ဆီးချို) ကို စမ်းသပ်စစ်ဆေးပေးခြင်းနှင့် ကုသပေးခြင်းများ၊ လိုအပ်ပါက သက်ဆိုင်ရာနေရာများသို့ ညွှန်းပို့ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် လူထုအတွက် ကျန်းမာရေးအသိပညာပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပါသည်။

Similar Posts

Alliance Myanmar and Its Partners participated in Zero Discrimination Day
Zero Discrimination Day

မဟာမိတ် မြန်မာ (Alliance Myanmar) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နှင့် ပစ်ချ် စီမံကိန်း ပိတ်သိမ်းပွဲ
မဟာမိတ် မြန်မာ (Alliance Myanmar) ၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နှင့် ပစ်ချ် စီမံကိန်း ပိတ်သိမ်းပွဲကို ၂၂ ဒီဇင်ဘာ ၂၀၂၀ တွင်ကျင်းပခဲ့

International Sex Worker Day
SWiM organised the International Sex Worker Day together with Gender Equality Network
